What is ASIA MASTERS ?


ဟိုတယ်နှင့် အချက်အပြုတ်သင်တန်းကျောင်း


ကျွန်တော်တို့ ASIA MASTERS ဆိုတာက ပညာအရည်အချင်းချို့တဲ့သူတွေ၊ တစ်ပိုင်းတစ်စဖြစ်နေသူတွေ၊ ပညာအရည်အချင်းရှိပြီး အလုပ်မရသေးတဲ့ အရွယ်ရောက်ပြီး မြန်မာနိုင်ငံသူနိုင်ငံသားများ ဂုဏ်သိက္ခာရှိတဲ့ အလုပ် တစ်ခုရဖို့ပြင်ဆင်နိုင်အောင်၊ တာဝန်သိပြီး အလုပ်ကြိုးစားသူတွေဖြစ်လာအောင် လေ့ကျင့်ပေးခြင်းနဲ့ အကာအကွယ် ပေးခြင်းတွေကို ဆောင်ရွက်တဲ့ အသက်မွေးသင်တန်းကျောင်းတစ်ခုဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့မှာ စတင်ထူထောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) အသိအမှတ်ပြု စင်တာဖြစ်ပြီး၊ အင်္ဂလန်နိုင်ငံ Confederation of Tourism & Hospitality (CTH) ရဲ့ အသိအမှတ်ပြုစင်တာအမှတ် (၄၄၀) ဖြစ်ပါတယ်။ ဒီနေ့အထိ သင်တန်းသား/သူပေါင်း ၃၀၀၀ ကျော်ကိုလေ့ကျင့်သင်ကြားပေပြီးဖြစ်ပါတယ်။သင်တန်း ဆင်းများဟာလည်း ပြည်တွင်း/ပြည်ပ ခရီးသွားနဲ့ ဧည့်ဝတ်ပြုမှုဆိုင်ရာ လုပ်ငန်းတွေမှာ အလုပ်အကိုင်များ ရရှိနေကြပြီ ဖြစ်ပါတယ်။


တစ်နေရာတည်းမှာ အလုပ်တစ်ခုရအောင်ပြင်ဆင်ပေးနိုင်ဖို့အတွက် လူတိုင်းအတွက် အသက်မွေးပညာရပ် တစ်ခုခုတတ်မြောက်အောင်၊ နိုင်ငံခြား ဘာသာစကားတွေဖြစ်တဲ့ အင်္ဂလိပ်၊ တရုတ်နဲ့ ဂျပန်ဘာသာစကားတွေတတ် မြောက်အောင်၊ ကွန်ပျူတာနဲ့ အင်တာနက် အသုံးပြုတတ်အောင်၊ စိတ်ဓါတ်ကောင်းမွန်လာပြီး ကိုယ်ကာယလည်း လှပလာအောင်၊ အလုပ်အကိုင် ရှာဖွေရာမှာ လည်း ယုံကြည်စိတ်ချရတဲ့ ၀န်ဆောင်မှုတွေပေးအပ်နိုင်အောင် ထူထောင် ခဲ့တာဖြစ်ပါတယ်။ ထိထိရောက်ရောက်သင်ကြားမှုတွေကိုပြုလုပ်ပေးနိုင်ရန်အတွက် စာသင်ခန်းနဲ့ လက်တွေ့ခန်းတွေ လုံလောက်တဲ့အရေအတွက်နဲ့ အဆင့်အတန်းရှိအောင်၊ သင်ခန်းစာများ နိုင်ငံတကာအဆင့်မီအောင်၊ သင်ကြားပေးနိုင်မဲ့ ဆရာများလုံလောက်မှုရှိအောင် အမြဲတစေကျိုးပမ်းအားထုတ်လျှက်ရှိပါတယ်။


အသက်မွေးသင်တန်းတွေမှာ ခရီးသွားနဲ့ ဧည့်ဝတ်ပြုခြင်းဆိုင်ရာ သင်တန်းတွေကို အဓိကထားတဲ့အတွက် ဟိုတယ် ၀န်ဆောင်မှုသင်တန်းများ၊ ဟိုတယ်အထောက်အကူပြု အင်ဂျင်နီယာသင်တန်းများ၊ နိုင်ငံခြားဘာသာစကား သင်တန်းများ၊ ကွန်ပျူတာနဲ့ အင်တာနက်သင်တန်းများ၊ ကိုယ်ကာယအလှသင်တန်းများ ပေါင်းစပ်ပါဝင်ပါတယ်။ ပြည်တွင်း/ ပြည်ပမှာရှိတဲ့ ယုံကြည်စိတ်ချရတဲ့ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေနဲ့ဆက်သွယ်ထားပြီး အလုပ် အကိုင် အခွင့်အလမ်းများကို စုဆောင်းပေးပါတယ်။ မသမာတဲ့ ကြားပွဲစားတွေရဲ့ လိမ်လည်မှုကို မခံရအောင်၊ အလုပ်ရှင် တွေရဲ့ ခေါင်းပုံဖြတ်မှုကို မခံရအောင်၊ လုပ်ခ၊ လစာနဲ့ အလုပ်ချိန်များကိုပါ နားလည်သဘောပေါက်အောင် သတင်းပေး နေတဲ့အတွက် အမြန်ဆုံး အလုပ်အကိုင်တစ်ခုရရှိလာမှာဖြစ်ပါတယ်။ ASIA MASTERS ကို အခုပဲဆက်သွယ်လိုက်ပါ။





 Mission, Vision, Motto


Our Mission (ကျွန်ုပ်တို့ခံယူထားသည်တာဝန်)


- To Train and Protect (လေ့ကျင့်ပေးမယ်၊ ကာကွယ်ပေးမယ်)



Our Vision (ကျွန်ုပ်တို့ အနာဂတ်အမြင်)


- To become a world class vocational training center (ကမ္ဘာ့အဆင့်မီ အသက်မွေးသင်တန်းကျောင်းတစ်ခုဖြစ်လာရန်)



Our Motto (ကျွန်ုပ်တို့၏ ဆောင်ပုဒ်)


- To get a job in global hospitaspanty industry.(အလုပ်တစ်ခုရဖို့ ကြိုးစားစို့)