Greeting (နုတ်ခွန်းဆက်သလွှာ)

The images of principal အားလုံးပဲ မင်္ဂလာပါခင်ဗျာ ...

Jobformyanmar မှ နွေးထွေးစွာကြိုဆိုပါတယ်။ jobformyanmar ဆိုတာက အရွယ်ရောက်ပြီး မြန်မာတွေထဲက ပညာရေး ချို့တဲ့သူတွေ၊ တစ်ပိုင်းတစ်စ ဖြစ်ခဲ့သူတွေ၊ ဘွဲ့ရပြီး အလုပ်အကိုင်တစ်ခုရှာဖွေနေသူတွေ ဂုဏ်သိက္ခာရှိတဲ့ ပြည်တွင်း/ပြည်ပ အလုပ်အကိုင် တစ်ခုရရှိနိုင်ရေး အတွက် ပြင်ဆင်ဆောင်ရွက်ကြတဲ့နေရာမှာ၊ ကိုယ်ပိုင်လုပ်ငန်းငယ်လေးများကို ထူထောင်ရာမှာ လိုအပ်တဲ့ အလုပ်အကိုင် သတင်းအချက်အလက်တွေ၊ အတွေ့ အကြုံတွေနဲ့ ကျွမ်းကျင်မှုတွေကို ပိုမိုသိရှိနိုင်အောင်၊ ကျွမ်းကျင် လာအောင်နဲ့ ပြန့်ပွားရှင်သန်နိုင်အောင် ရည်ရွယ်ပြီးထူထောင်ခဲ့တာဖြစ်ပါတယ်။

ကျွန်တော်တို့ ယုံယုံကြည်ကြည်နဲ့ ပြီးမြောက်အောင်ဆောင်ရွက်မဲ့တာဝန်ကတော့ “ လေ့ကျင့်ပေးမယ်၊ ကာကွယ်ပေးမယ် “ ဖြစ်ပါတယ်။ လေ့ကျင့်ပေးဖို့အတွက် ကျွန်တော်တို့ ASIA MASTERS (www.asiamasters.org), ဟိုတယ်နဲ့အချက်အပြုတ် သင်တန်းကို ထောင်ခဲ့ပါတယ်။ ဒါကြောင့် Asia Masters နဲ့ jobformyanmar ဟာ တစ်ခုတည်းဖြစ်ပါတယ်။ Asia Masters ဟာ ပြည်တွင်း/ပြည်ပ ဟိုတယ်ကြီးများ၊ စားသောက်ဆိုင်ကြီးများ၊ သင်္ဘောလိုင်းများနဲ့ လေကြောင်းလိုင်းများမှာ အလုပ်အကိုင် တစ်ခု ရလိုသူတွေ၊ ဟိုတယ်နဲ့ စားသောက်ဆိုင်ဝန်ဆောင်မှုလုပ်ငန်းတွေ၊ အချက်အပြုတ်လုပ်ငန်းတွေ၊ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေကို ကျွမ်းကျင်စွာ တတ်မြောက်လာအောင် သင်ကြားပေးပါတယ်။

jobformyanmar ကတော့ မြန်မာလူမျိုးတွေ အလုပ်အကိုင်တစ်ခုရရှိအောင် သတင်းပေးမဲ့၊ ကျွမ်းကျင်မှုတွေနဲ့ အတွေ့အကြုံတွေကို ဝေမျှပေးမဲ့ Online အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် Asia Masters နဲ့ jobformyanmar ကိုပေါင်းစပ်လိုက်ရင် အလုပ်တစ်ခုရနိုင်မဲ့ အခွင့်အရေးများလာမှာဖြစ်ပါတယ်။ ပြည်တွင်း/ပြည်ပ လက်တွေ့နယ်ပယ်မှာ အလုပ်အကိုင်တွေရရှိပြီး အတွေ့အကြုံရင့် ကျွမ်းကျင်ပညာရှင် အားလုံးကိုလည်း ကျွန်တော်တို့ရဲ့ Forum မှာ ရေးသားကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ် ပါတယ်။

ဒါမှသာ အလုပ်ရှာဖွေလိုတဲ့လူငယ်တွေ မိမိတို့ပြင်ဆင်သင့်တာတွေကို သိရှိလာပြီး အန္တရာယ်များကိုရှောင်ကွင်းနိုင်ပြီး မိမိပြင်ဆင်သင့်သည်များကို သိရှိလာကြမှာဖြစ်ပါတယ်။ jobformyanmar မှာတင်ထားတဲ့ အလုပ်အကိုင် အခွင့်အလမ်း များကိုလည်း မှန်/မမှန်စီစစ်ထားပြီးဖြစ်တဲ့အတွက် ယုံကြည်စိတ်ချစွာဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ သေချာအောင် ယုံကြည်စိတ်ချရတဲ့၊ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတွေ၊ အလုပ်ရှင်တွေကို လည်း အသင်းဝင် အဖြစ် ဂုဏ်ပြုထားပါတယ်။ ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးစားကြမှ မြန်မာလူမျိုးတွေအတွက် ထိုက်တန်တဲ့ ဂုဏ်သိက္ခာ တစ်ခု ပြန်လည်ရရှိလာမှာဖြစ်ပါတယ်။

ဗိုလ်မှူးခင်မောင်လွင် (တပ်မတော်လေ-ငြိမ်း) (Asia Masters)
ကျောင်းအုပ်ကြီး
ASIA MASTERS ဟိုတယ်နှင့်အချက်အပြုတ်သင်တန်းကျောင်း