Greeting (နှုတ်ခွန်းဆက်သလွှာ)

The images of principal အားလုံးပဲ မင်္ဂလာပါခင်ဗျာ ... Jobformyanmar မှ နွေးထွေးစွာကြိုဆိုပါတယ်။

jobformyanmar ဆိုတာက အရွယ်ရောက်ပြီး မြန်မာတွေထဲက ပညာရေး ချို့တဲ့သူတွေ၊ တစ်ပိုင်းတစ်စ ဖြစ်ခဲ့သူတွေ၊ ဘွဲ့ရပြီး အလုပ်အကိုင်တစ်ခု ရှာဖွေနေသူတွေ ဂုဏ်သိက္ခာရှိတဲ့ ပြည်တွင်း/ပြည်ပ အလုပ်အကိုင် တစ်ခုရရှိနိုင်ရေး အတွက် ပြင်ဆင် ဆောင်ရွက်ကြတဲ့နေရာမှာ ကိုယ်ပိုင် လုပ်ငန်းငယ်လေးများကို ထူထောင်ရာမှာ လိုအပ်တဲ့ အလုပ်အကိုင် သတင်းအချက်အလက်တွေ၊အတွေ့အကြုံတွေနဲ့ ကျွမ်းကျင်မှုတွေက့ိုပိုမိုသိရှိနိုင်အောင်၊ ကျွမ်းကျင်လာအောင်နဲ့ ပြန့်ပွားရှင်သန်နိုင်အောင် ရည်ရွယ်ပြီးထူထောင်ခဲ့တာဖြစ်ပါတယ်။

ကျွန်တော်တို့ ယုံယုံကြည်ကြည်နဲ့ ပြီးမြောက်အောင် ဆောင်ရွက်မဲ့တာဝန်ကတော့ “ လေ့ကျင့်ပေးမယ်၊ ကာကွယ်ပေးမယ် “ ဖြစ်ပါတယ်။ လေ့ကျင့်ပေးဖို့အတွက် ကျွန်တော်တို့ ASIA MASTERS (www.asiamasters.org), ဟိုတယ်နဲ့ အချက်အပြုတ် သင်တန်းကို ထောင်ခဲ့ပါတယ်။ ဒါကြောင့် Asia Masters နဲ့ jobformyanmar ဟာ တစ်ခုတည်း ဖြစ်ပါတယ်။ Asia Masters ဟာ ပြည်တွင်း/ပြည်ပဟိုတယ်ကြီးများ၊
စားသောက်ဆိုင်ကြီးများ၊သင်္ဘောလိုင်းများနဲ့
လေကြောင်းလိုင်းများမှာ အလုပ်အကိုင် တစ်ခု ရလိုသူတွေ၊ ဟိုတယ်နဲ့ စားသောက်ဆိုင် ၀န်ဆောင်မှုလုပ်ငန်းတွေ၊ အချက်အပြုတ်လုပ်ငန်းတွေ၊ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေကိုကျွမ်းကျင်စွာတတ်မြောက်လာ
အောင် သင်ကြားပေးပါတယ်။

jobformyanmar ကတော့ မြန်မာလူမျိုးတွေ အလုပ်အကိုင် တစ်ခုရရှိအောင် သတင်းပေးမဲ့၊ ကျွမ်းကျင်မှုတွေနဲ့အတွေ့အကြုံတွေကို ဝေမျှပေးမဲ့ Online အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် Asia Masters နဲ့ jobformyanmar ကိုပေါင်းစပ်လိုက်ရင် အလုပ်တစ်ခုရနိုင်မဲ့ အခွင့်အရေးများလာမှာဖြစ်ပါတယ်။
ပြည်တွင်း/ပြည်ပလက်တွေ့နယ်ပယ်မှာ အလုပ်အကိုင်တွေရရှိပြီး အတွေ့အကြုံရင့် ကျွမ်းကျင်ပညာရှင်အားလုံးကိုလည်းကျွန်တော်
တို့ရဲ့ Forumမှာ ရေးသားကြပါရန် လေးစားစွာဖိတ်ခေါ်အပ်ပါတယ်။

ဒါမှသာ အလုပ်ရှာဖွေလိုတဲ့ လူငယ်တွေ မိမိတို့ပြင်ဆင်သင့်တာတွေကို သိရှိလာပြီး အန္တရာယ်များကို ရှောင်ကွင်းနိုင်ပြီး မိမိပြင်ဆင်သင့်သည်များကို သိရှိလာကြမှာ ဖြစ်ပါတယ်။jobformyanmar မှာတင်ထားတဲ့ အလုပ်အကိုင် အခွင့်အလမ်း များကိုလည်းမှန်/မမှန်စီစစ်ထားပြီး ဖြစ်တဲ့အတွက် ယုံကြည်စိတ်ချစွာဆက်သွယ်ဆောင်ရွက်နိုင်
ပါတယ်။
သေချာအောင် ယုံကြည်စိတ်ချရတဲ့၊ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတွေ၊ အလုပ်ရှင်တွေကိုလည်း အသင်းဝင် အဖြစ် ဂုဏ်ပြုထား
ပါတယ်။ ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ်နဲ့ကြိုးစားကြမှ မြန်မာလူမျိုးတွေအတွက် ထိုက်တန်တဲ့ဂုဏ်သိက္ခာတစ်ခု ပြန်လည်ရရှိ
လာမှာဖြစ်ပါတယ်။

 Welcome